နိုင်ငံရပ်ခြားစာမေးပွဲများ
海外での試験

စာမေးပွဲ ကျင်းပမည့်နိုင်ငံနှင့် ကျင်းပမည့်နေ့ရက်နှင့်အချိန်
試験の実施予定国と実施時期

  • စာမေးပွဲကျင်းပမည့်နိုင်ငံ (7 နိုင်ငံ)
    • (1) တရုတ် (2) ဗီယက်နမ် (3) ဖိလစ်ပိုင် (4) အင်ဒိုနီးရှား (5) ကမ္ဘောဒီးယား (6) ထိုင်း (7) မြန်မာ
  • စာမေးပွဲကျင်းပမည့်နေရာဒေသ
    • စာမေးပွဲကျင်းပမည့်နိုင်ငံများ၏မြို့တော်များတွင် ကျင်းပရန်စီစဉ်ထားပါသည်။
  • စာမေးပွဲကျင်းပမည့်နေ့ရက်နှင့်အချိန်
    • ကျင်းပမည့်ကာလ သတ်မှတ်ပြီးသွားလျှင် ထိပ်ဆုံးစာမျက်နှာ၏ “အသိပေးခြင်း” နေရာတွင် အသိပေးပါမည်။
      ထို့ပြင် နိုင်ငံအလိုက်စာမေးပွဲအကြောင်းအချက်အလက်များတွင် “စာမေးပွဲလမ်းညွှန်” ကို ဖော်ပြထားပါမည်။

အသေးစိတ်အချက်အလက်များကို နိုင်ငံအလိုက်စာမေးပွဲအကြောင်းအချက်အလက်များတွင် ဖော်ပြထားပါသည်။

စာမေးပွဲတွင်အသုံးပြုမည့်ဘာသာစကားနှင့်ပတ်သက်၍
試験に使用する言語について

[ကောက်ပဲသီးနှံထွန်ယက်စိုက်ပျိုးရေး] ၊ [ခြံမွေးတိရစ္ဆာန်မွေးမြူရေး] နှင့်ပတ်သက်သည့် အသိပညာနှင့်နည်းပညာ
တတ်ကျွမ်းမှုကို စစ်ဆေးအတည်ပြုသောစာမေးပွဲမေးခွန်းများကို စာမေးပွဲကျင်းပမည့်နိုင်ငံ၏ တရားဝင်ရုံးသုံးဘာသာစကား
အပြင် အင်္ဂလိပ်ဘာသာဖြင့် ရေးသားပြုလုပ်ပြီး စာမေးပွဲကျင်းပပါမည်။ သို့သော် ဂျပန်ဘာသာအရည်အချင်းကို စစ်ဆေးအကဲဖြတ်မည့် စာမေးပွဲမေးခွန်းများအတွက် ဂျပန်ဘာသာအသုံးပြုထားသော စာမေးပွဲကို ကျင်းပပါမည်။